တရုတ်နိုင်ငံမှာ ဖုန်းသုံးစွဲသူတွေရဲ့ ပုံတူဓါတ်ပုံကို အစိုးရကသိမ်းဆည်းထားမယ့် စည်းမျဉ်းစတင်မိတ်ဆက်

၂ ဒီဇင်ဘာ 


တရုတ်အစိုးရရဲ့ဆိုက်ဘာ ထိန်းချုပ်မှုကို ဆက်လက်ပြုလုပ်နိုင်ရန် ဖုန်းနံပတ်အသစ် သုံးစွဲသူတိုင်းရဲ့ မျက်နှာကို စကင်ဖတ်ထာပြီး တနည်းအားဖြင့် သုံးစွဲသူရဲ့ ပုံတူဓါတ်ပုံဖြင့် မှတ်ပုံတင်ရမယ်လို့ တယ်လီဖုန်းလိုင်း အော်ပရေတာတွေကို မနေ့က ညွှန်ကြားလိုက်ပါတယ်။ 


ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း တရားဝင်အခွင့်အရေးနဲ့ အွန်လိုင်းသုံးစွဲသူတွေရဲ့ အကျိုးအတွက် သုံးစွဲသူတွေရဲ့ အမည်အရင်းနဲ့ မှတ်တင်ပြုလုပ်ရန် တရုတ်နိုင်ငံရဲ့ စက်မှုနှင့်သတင်းနည်းပညာဆိုင်ရာဝန်ကြီး ဌာနက အမိန့်ထုတ်ခဲ့ဖူးပါတယ်။ 


အခုထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အသစ်ဟာ တယ်လီဖုန်း အော်ပရေတာတွေကို ဖုန်းနံပါတ်အသစ် ထုတ်ယူသုံးစွဲသူတိုင်းရဲ့ ကိုယ်ရေးရာဇဝင်ကို ရယူဖို့အတွက် ဉာဏ်ရည်တုများနဲ့ တခြားသော နည်းပညာတွေကို အသုံးပြုသင့်ကြောင်း ပြောကြားသလိုဖြစ်နေပါတယ်။ 


တယ်လီဖုန်း အော်ပရေတာ ကုမ္ပဏီ China Unicom ရဲ့ အရောင်းဝန်ထမ်းတစ်ဦးက ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့စည်းမျဉ်းဟာ ဖုန်းသုံးစွဲရဲ့ ပုံတူလိုလားချက်ဆိုရာတွင် ဖုန်းနံပါတ်အသစ် ကိုင်ဆောင်မယ့်သူရဲ့ မျက်နှာကို အရှေ့နဲ့ဘေးတိုက်ပါအောင် သုံးစွဲသူကိုယ်တိုင်က ရိုက်ပေးရမှာဖြစ်ကြောင်း ရှင်းပြပါတယ်။ 


တရုတ်အစိုးရက ၂၀၁၃ ခုနှစ်ကစပြီး ဖုန်းသုံးသူတွေကို သူတို့ရဲ့မှတ်ပုံတင်နဲ့ ဆက်စပ်မှုရှိတဲ့ နာမည်အရင်းကိုသာ အသုံးပြုရန် စတင်လုပ်ဆောင်နေရာကနေ ၂၀၁၉ ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ သုံးစွဲသူရဲ့ မျက်နှာကို မှတ်တမ်းယူထားတဲ့အထိ တင်းကြပ်တာဖြစ်ပါတယ်။ 


အဲဒီစည်းမျဉ်းအပေါ် ဝီးဘို ဆိုရှယ်မီဒီယာပေါ်မှာ သုံးစွဲသူတစ်ဦး “ဒါက သိပ်ကို များသွားပြီ”လို့ ဝေဖန်သလို နောက်တစ်ယောက်ကလည်း “ထိန်းချုပ်တယ်။ နောက်ထပ်ပိုပြီး ထိန်းချုပ်လာတယ်”လို့ ဆိုထားပါတယ်။ 


ဟန်ဇူးမှာရှိတဲ့ ဆာဖရီဥယျာဉ်အတွင်းကို လာရောက်လည်ပတ်သူတွေရဲ့ မျက်နှာကို စကင်ဖတ်ပြီးမှ ဝင်ခွင့်ပေးတဲ့အတွက် ဒေသခံတရားရုံးမှာ တရုတ်လူမျိုးပါမောက္ခက ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းပိုင်းက တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။ 


၂၀၁၂ ခုနှစ်ကလည်း  ဆိုရှယ်မီဒီယာ ဝီးဘို သုံးစွဲသူတွေကို နာမည်အရင်းနဲ့ သုံးစွဲရန် ပြဌာန်းခဲ့ပါတယ်။ 


MDN
ကိုးကား - AFP