တရုတ်နိုင်ငံမြောက်ပိုင်း၌ စားသောက်ဆိုင်ပေါက်ကွဲမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံး၊ ၂၂ ဦးဒဏ်ရာရ

မတ် ၁၃

တရုတ်နိုင်ငံမြောက်ပိုင်း Hebei ပြည်နယ်တွင် စားသောက်ဆိုင်တစ်ဆိုင် ပေါက်ကွဲမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံးပြီး အခြား ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များကပြောကြားသည်။ အဆိုပါပေါက်ကွဲမှုသည် Sanhe မြို့ Yanjiao မြို့နယ်ရှိ ကြက်ကြော်ဆိုင်တွင် ယနေ့မနက် ၇ နာရီ ၅၄ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုမြို့၏ အရေးပေါ်စီမံခန့်ခွဲရေးဗျူရို၏ပြောကြားချက်အရ သိရသည်။ ဓါတ်ငွေ့ယိုစိမ့်ရာမှပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ယူဆရသည်ဟု ၎င်းဗျူရိုကဆိုသည်။ ကယ်ဆယ်ရေးသမားများသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို