တရုတ်နိုင်ငံ၌ ၂၀၂၃ ခုနှစ် နှစ်ကုန်တွင်  5G အခြေစိုက်စခန်းပေါင်း ၂ ဒသမ ၉ သန်းကျော် ရှိလာမည်

 

 

ပေကျင်း၊ မတ် ၆

 

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် 5G အခြေစိုက်စခန်းပေါင်း ၂ ဒသမ ၉ သန်း ကျော် တည်ဆောက်ပြီး ဖြစ်လိမ့်မည်ဖြစ်ကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီး ကျင်ရှောင်လောင်းက မတ် ၅ ရက်တွင် ပြောသည်။

 

တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်တွင် 5G အခြေ စိုက်စခန်းပေါင်း ၆၀၀၀၀၀ ခန့် တိုးချဲ့သွားရန် စီစဉ်ထားကြောင်းနှင့် ကျေးလက်ဒေသများနှင့် စက်မှုဥယျာဉ်များအတွင်း 5G ဝန်ဆောင်မှုများ လွှမ်းခြုံနိုင်ရန် တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းထောက်များအား ကျင် က ပြောသည်။

 

တရုတ်နိုင်ငံ၌ လက်ရှိတွင် 5G အခြေစိုက် စခန်းပေါင်း ၂ ဒသမ ၃၄ သန်းကျော်ရှိပြီး 5G ဆဲလ်ဖုန်းအသုံးပြုသူ အရေအတွက်မှာလည်း ၅၇၅ သန်းကို ကျော်လွန်လာပြီဖြစ်ကြောင်း ကျင်က ပြောသည်။ ထို့အပြင် 5G နည်းပညာ များကို စီးပွားရေး၊ သတ္တုတူးဖော်ရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေးနယ်ပယ် ကဏ္ဍများတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။

 

(၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း 5G စက်ရုံ ၁၀၀၀၀ ကျော် တည်ဆောက်ရေး အစီအစဉ်များနှင့်အတူ 5G ၏ စက်မှုလုပ်ငန်းဆိုင်ရာ အသုံးချမှုကို မြှင့်တင် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ကျင်က ပြောသည်။

 

6G ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။                              

ဆင်ဟွာ