တရုတ်နိုင်ငံ၌ 5G အခြေစိုက်စခန်းပေါင်း ၁ ဒသမ ၈၅ သန်းကျော် အသုံးပြုလျက်ရှိ

ပေကျင်း    ဇူလိုင်   ၂၀

တရုတ်နိုင်ငံတစ်ဝန်းတွင် 5G အခြေစိုက်စခန်း ပေါင်း ၁ ဒသမ ၈၅ သန်းကျော်အသုံးပြုလျက်ရှိကြောင်း နှင့် ယင်းသို့အသုံးပြုနိုင်ခြင်းသည် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး   တွန်းအားကို များစွာ အထောက်အကူပြုကြောင်း တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ပြောကြားသည်။

ယခုနှစ်   ဒုတိယသုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် 5G အခြေစိုက်စခန်းပေါင်း ၃၀၀၀၀၀ နီးပါးကို    အကောင်အထည်ဖော် တည်ဆောက်နိုင်ခဲ့ကြောင်း  တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်  နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ   ဝန်ပန်က  ဇူလိုင် ၁၉ ရက်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြား သည်။

သတင်းအချက်အလက် အခြေခံအဆောက် အအုံများသည်    ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံအုတ်မြစ်များဖြစ်ကြောင်း နှင့်   ယခုနှစ်ပထမခြောက်လတာကာလအတွင်း တရုတ်နိုင်ငံ၌      အွန်လိုင်းဈေးရောင်းဈေးဝယ်၊ အွန်လိုင်းပညာရေးကဲ့သို့သော  ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများသည်    တိုးတက်မှုအရှိန်အဟုန် ကောင်းနေသည်ကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း 5G အခြေစိုက်စခန်းပေါင်း ၆၀၀၀၀၀ ထပ်မံအကောင် အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း လည်း ဝန်ပန်က ဆက်လက်ပြောကြားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်