ပေကျင်း၊ ဧပြီ ၁
တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီလကုန်အထိ 5G မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် ၈၅၁ သန်း ရှိလာကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ အဆိုပါအရေအတွက်သည် တရုတ်နိုင်ငံ၏ အဓိကဆက်သွယ်ရေး အော်ပရေတာသုံးခုကို အသုံးပြုသည့် စုစုပေါင်းမိုဘိုင်းစာရင်းသွင်းသူအရေအတွက် ၏ ၄၈ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည်။
ဖေဖော်ဝါရီလကုန်အထိ တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်း ၁ ဒသမ ၇၅ ဘီလီယံရှိကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာနက ပြောကြားသည်။ တရုတ်နိုင်ငံ၏ အဓိကဆက်သွယ်ရေး အော်ပရေတာသုံးခုမှာ China Telecom၊ China Mobile နှင့် China Unicom တို့ဖြစ်သည်။
အဆိုပါကုမ္ပဏီသုံးခုကိုအသုံးပြုသည့် ပုံသေမြန်နှုန်းမြင့်အင်တာနက် (ဘရော့ဘန်း) အသုံးပြုသူ အရေအတွက်သည် ဖေဖော်ဝါရီလကုန်အထိ ၆၄၃ သန်းရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်