တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀ ထပ်မံတွေ့ရှိ

ပေကျင်း ၂၅ ဇန်နဝါရီ

ယမန်နေ့ဆေးမှတ်တမ်းများအရ တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀ ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါ အရေအတွက်သည် ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၇ ဦးထက် လျော့နည်းသွားကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့ ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်နေ့က တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ၆၅ ဦးမှာ ပြည်တွင်း ကူးစက်မှုဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၈၉၉၁ ဦးရှိပြီး သေဆုံးသူပေါင်း ၄၆၃၅ ဦးရှိသည်။

ကိုးကား- စီအင်န်အေ

ဘာသာပြန်- အောင်ကျော်ကျော်