တရုတ်နိုင်ငံ၌ ကောလိပ်ဝင်ခွင့်စာမေးပွဲသို့  ကျောင်းသားကျောင်းသူဦးရေ စံချိန်တင်ဝင်ရောက်ဖြေဆိုမည်

ပေကျင်း  ဇွန် ၁

Gaokao  (ဂေါက်ကောက်)  (ကောလိပ်ဝင်ခွင့် စာမေးပွဲ) ဟု  လူသိများသော  ၂၀၂၂   ခုနှစ် အတွက်     တရုတ်နိုင်ငံ၏       အမျိုးသား ကောလိပ်ဝင်ခွင့်  စာမေးပွဲကို ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁ ဒသမ ၉၃  သန်းဖြင့် စံချိန်တင်ဝင်ရောက်  ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကောလိပ်ဝင်ခွင့်စာမေးပွဲကို နိုင်ငံ အနှံ့ ဇွန် ၇ ရက်နှင့် ၈ ရက်တွင် ပြုလုပ်သွား မည်ဖြစ်သည်။  အဆိုပါ ဝင်ခွင့်စာမေးပွဲသည် တရုတ်နိုင်ငံတွင်    လူမှုရေး      လှုပ်ရှားမှုနှင့်   အမျိုးသား  အရည်အချင်းစစ် ရွေးချယ်ရာတွင် အလွန်အရေးပါသော     ဝင်ခွင့်   စာမေးပွဲဖြစ် ကြောင်း သိရသည်။ 

တရုတ်နိုင်ငံတွင် အဆိုပါဝင်ခွင့်စာမေးပွဲ ကို ၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ကျောင်းသား ကျောင်းသူ    စုစုပေါင်း   ၁၀    သန်းကျော် ဝင်ရောက်ဖြေဆိုကြကြောင်း ဆင်ဟွာသတင်း တစ်ရပ်အရ သိရသည်။   
 
ဆင်ဟွာ