တရုတ်နိုင်ငံ၌ သံမဏိစက်ရုံ ပေါက်ကွဲမှုဖြစ် သေဆုံးသူ ၆ ဦးအထိ ရှိလာ

၁၉ ဇွန်


တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ဇီပြည်နယ် နန်ချောင်မြို့ရှိ  သံမဏိစက်ရုံတစ်ခုတွင် ဂတ်စ်ပိုက်လိုင်းပေါက်ပြီး စက်ရုံပေါက်ကွဲမှုဖြစ်ပွားရာ သေဆုံးသူဦးရေမှာ ၆ ဦးအထိ မြင့်တက်လာကြောင်း ဒေသန္တရ အာဏာပိုင်များက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။ 


လူခြောက်ဦးမှာ သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသည့် လေးဦးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း နန်ချောင်း အရေးပေါ် စီမံခန့်ခွဲရေးဌာနက ပြောကြားသည်။


ပေါက်ကွဲမှုဖြစ်ပွားပြီးချင်း လူတစ်ဦးမှာ မီးလောင်ပြီး အချင်းဖြစ်ရာနေရာ၌ သေဆုံးခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုသည် ဖန်ဂန်သံမဏိကုမ္ပဏီ၌ မေ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ပြောကြားသည်။


၂၀၁၆ခုနှစ်ကတည်းကလည်း အဆိုပါ ကုမ္ပဏီတွင် မတော်တဆမှုဖြစ်ပွားပြီး လူ ၁၀ ဦးသေဆုံးခဲ့သည်။ အများပြည်သူများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် စောင့်ကြည့်ရန် တာဝန်ကို ဖန်ဂန်ကုမ္ပဏီက ပျက်ကွက်ခဲ့ကြောင်း ဝေဖန်ထားသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်

 

1