တရုတ်နိုင်ငံရဲ့ စီးပွားရေး ဆက်လက် တိုးတက်လာ

၁၅ စက်တင်ဘာ

 

 

တရုတ်နိုင်ငံရဲ့ လက်လီဈေးကွက်ဟာ ဩဂုတ်လ အတွင်းမှာ သိသိသာ တိုးတက်လာကို တွေ့ရပါတယ်။ ဒီနေ့ (အင်္ဂါနေ့)မှာ ထုတ်ပြန်တဲ့ စာရင်းအရ ကပ်ရောဂါပိုး စတင်ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ စာသုံးသူတွေရဲ့ သုံးစွဲမှု ပြန်လည် တိုးတက်လာကြောင်း သိရပါတယ်။

 

 

နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်တဲ့အတွက် နိုင်တွင်းမှာ ဈေးဝယ်သူတွေဟာ ပိုပြီး သုံးစွဲလာတာ ဖြစ်ပါတယ်။ အခုအခြေအနေဟာ စီးပွားရေး ပြန်လည်ဦးမော့လာတဲ့ ခိုင်မာတဲ့ ခြေလှမ်းဖြစ်ကြောင်း စီးပွားရေး ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

 

 

တရုတ်နိုင်ရဲ့ စီးပွားရေးဟာ ဒုတိယ သုံးလပတ်မှာ ၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့တဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ကျဆင်းခဲ့တဲ့ စီးပွားရေးဟာ ဗွီပုံစံ ပြန်တက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

 

 

တရုတ်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာတဲ့ အခြေအနေဟာ မျှော်လ့င်ထားတာထက် ပိုပြီး တိုးတက်အောင် လုပ်နိုင်တာကို တွေ့ရပါတယ်။

 

 

အစိုးရရဲ့ ဗိုင်းရပ်စ်ပိုးကြောင့် စီးပွားရေး ပြန်လည်ကယ်ဆယ်ရေး အစီအစဉ်အရ စက်ရုံတွေ ပြန်လည် လည်ပတ်လာသလို ကုန်ထုတ် လုပ်ငန်းတွေမှာလည်း ထုတ်ကုန်တိုးထုတ် လာတာကို စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ ထုတ်ကုန် တိုးတက်မှုဟာ မျှော်လင့်ထားတဲ့ ၄.၈ ရာခိုင်နှုန်း ထက် ၅.၆ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း  ဇူလိုင်က ထုတ်ပြန်ချက်မှာ ပေါ်ပြထားပါတယ်။

 

 

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ပို့ကုန်က ဆက်လက် အားနည်းနေဆဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး မိတ်ဖက် နိုင်ငံတွေဟာ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

 

 

တရုတ်နိုင်ငံက အမျိုးသား စာရင်းအင်း ဌာနမှာ ပြောခွင့်ရသူက နိုင်ငံရဲ့ စီးပွားရေးဟာ တဖြေးဖြေးနဲ့ ပြန်လည် တိုးတက်လာပါတယ်။ ဒါပေမယ့် မတည်ငြိမ်တဲ့ နိုင်ငံတကာရဲ့ အခြေအနေတွေ အလေးထားနေရကြောင်းနဲ့ နိုင်ငံတွင်းမှာ အလုပ်အကိုင် ဆက်လက် ပေးနိုင်ရေးနဲ့ စီးပွားရေး တည်ငြိမ်ရေးကို ဆက်လက် ထိန်းထားနိုင်ရေးမှာ ဖိအားတွေ ရှိနေကြောင်း ပြောပါတယ်။

 

 

MDN

ကိုးကား - AFP