တရုတ်နိုင်ငံရှိ ကျောင်းသား ၉၀ ရာခိုင်နှုန်း ကျောင်းများသို့ ပြန်လည်ရောက်ရှိ

၂၂ စက်တင်ဘာ

 

 

တရုတ်နိုင်ငံ၌ သောကြာနေ့အထိ မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် တက္ကသိုလ်များ၌ စာသင်ကြားရန် ကျောင်းသားများ၏  ၉၀ ရာခိုင်နှုန်း ၂၄၂ သန်းသော ကျောင်းသားများသည်  ကျောင်းဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလ ၂၂ ရက်နေ့၌ ကြေညာခဲ့သည်။

 

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် ဖိအားများကို လျော့ချရန်အတွက် ကျောင်းသားသစ် များစွာသည် တက္ကသိုလ်များသို့  တက်ရောက်ရန် စောင့်ဆိုင်းနေလျက်ရှိကြောင်း ရှုမေက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

 

 

ကျောင်းများ၏ သင်ကြားမှုသည် ပုံမှန်ပြန်ဖြစ်လာမည်ဖြစ်ပြီး  တိုင်းပြည်၏ ပညာရေးစနစ်သည်လည်း ကြီးမားသည့် စမ်းသပ်မှုများကို ခံနိုင်ကြောင်း ရှုမေက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်