တရုတ်နိုင်ငံထုတ် Sinovac ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ နှစ်သန်း ထိုင်းနိုင်ငံ ရရှိမည်

ဗန်ကောက်၊ ၄ ဇန်နဝါရီ

           

ထိုင်းနိုင်ငံက လာမည့်လအတွင်း တရုတ်နိုင်ငံ Sinovac Biotech Ltd မှ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးများ ရရှိမည်ဖြစ်ကာ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အများဆုံးလူများကို ကာကွယ်ဆေး ထိုးနှံပေးနိုင်တော့မည်ဖြစ်သည်။

           

ထိုင်းနိုင်ငံက Sinovac ကာကွယ်ဆေးများကို အဆင့်သုံးဆင့်ဖြင့် ရရှိမည်ဖြစ်ရာ ဖေဖော်ဝါရီလတွင် အလုံးရေ ၂၀၀၀၀၀၊ မတ်လတွင် ၈၀၀၀၀၀ နှင့် ဧပြီလတွင် တစ်သန်းရရှိမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြော သည်။

 

နည်းပညာ လွှဲပြောင်းပေးရေး သဘောတူညီချက်အရ ထိုင်းနိုင်ငံက ပြည်တွင်း၌ AstraZeneca ကိုဗစ်ကာ ကွယ်ဆေး ထုတ်လုပ်မှု စတင်ခဲ့ပြီး မေလတွင် ကာကွယ်ဆေးများ ဖြန့်ဖြူးရန် အသင့်ဖြစ်မည်ဟု အဆိုပါဝန်ကြီး ဌာနက ဆိုသည်။

           

ဗန်ကောက်မြို့အနီး ပင်လယ်စာစျေးများမှ စတင်ခဲ့သည့် ပြည်တွင်းကူးစက်မှုသစ် ထိန်းချုပ်ရန် ထိုင်းနိုင်ငံက ကြိုးပမ်းနေရသည်။

 

ဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာက ဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရန် ဇန်နဝါရီလ ၄ ရက်မှစ၍ ဗန်ကောက်မြို့ နှင့် အဆိုးရွားဆုံးပြည်နယ် ၂၇ ခု၌ စီးပွားရေးလုပ်ငန်းများနှင့် လူများစုဝေးခွင့် ကန့်သတ်ချက်များ သတ်မှတ်ခဲ့ သည်။

 

ထိုင်းနိုင်ငံ၌ ယမန်နေ့က ဗိုင်းရပ်စ်ကူးစက်မှုသစ် ၃၁၅ မှု တွေ့ရှိခဲ့ရာ ၂၉၄ မှုမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး အတည်ပြုကူးစက်မှု ၇၆၉၄ အထိ ရှိလာခဲ့သည်။

           

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်သည့် COVAX အပါအဝင် ဆေးဝါးကုမ္ပဏီများမှ ဗိုင်းရပ်စ်ကာကွယ်ဆေး များဖြင့် ယခုနှစ်မကုန်မီ လူဦးရေ၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ပြည်သူ ၃၃ သန်းကို ကာကွယ်ဆေးထိုးနှံပေးရန် ထိုင်းအစိုးရက ရည်မှန်းချက်တစ်ရပ် သတ်မှတ်ခဲ့သည်။

 

ကိုးကား-Bloomberg