တရုတ်နိုင်ငံတောင်ပိုင်း ရှင်ကျန်းဒေသ၌ စက်မှုဥယျာဉ်များ တည်ဆောက်မည်

ရှင်ကျန်း   ဇွန်   ၈


တရုတ်နိုင်ငံတောင်ပိုင်း   ရှင်ကျန်းဒေသ၌  အနာဂတ် ကာလတွင် စက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် စက်မှုဥယျာဉ်များအား တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းစက်မှုဥယျာဉ်များအား    ရှင်ကျန်းဒေသအတွင်းရှိ ဗိုအန်း၊ ဂွမ်မင်း၊ လောင်ဟာ၊ လောင်ဂန်၊ ပင်ရှန်းနှင့် ရှန်ရှန်းခရိုင် များအားလွှမ်းခြုံကာ မြေဧရိယာ ၃၀၀ စတုရန်းကီလိုမီတာ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရှင်ကျန်းဒေသန္တရ အစိုးရအဖွဲ့က ဇွန် ၆ ရက်တွင် ပြောကြားသည်။ 

၎င်းစက်မှုဥယျာဉ်များတွင် အဓိကအကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများမှာ ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်ကူး ပစ္စည်းထုတ်လုပ်ရေးကဏ္ဍ၊   ဆော့ဝဲလ်များတီထွင်ခြင်း၊ ဉာဏ်ရည်မြင့်စက်ရုပ်များထုတ်လုပ်ခြင်း၊ အဆင့်မြင့်နည်းပညာ သုံးယာဉ်များထုတ်လုပ်ခြင်းနှင့် ဆေးဝါးများထုတ်လုပ်ခြင်းတို့ဖြစ်သည်။ ထို့ပြင် အနာဂတ်ကာလ၌ ပိုမိုတိုးတက်လာနိုင်သည့် နည်းပညာများဖြစ်သော ဇီဝအင်ဂျင်နီယာနည်းပညာ၊ အာကာ သနည်းပညာနှင့် ကွမ်တမ်နည်းပညာဆိုင်ရာ အချက်အလက် များကို ၎င်းစက်မှုဥယျာဉ်များတွင် လေ့လာနိုင်မည်ဖြစ်သည်။ 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ