တရုတ်နိုင်ငံတောင်ပိုင်း၌ လမ်းပြိုကျမှုကြောင့် သေဆုံးသူ ၄၈ ဦးရှိလာ

မေ ၂

တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုန်းပြည်နယ်တွင် ယမန်နေ့မနက်အစောပိုင်းက အမြန်လမ်းပိုင်းလမ်းပြိုကျမှုကြောင့် သေဆုံးသူ ၄၈ ဦးရှိလာကြောင်း ဒေသတွင်းအာဏာပိုင်များကပြောကြားသည်။ ထိုလမ်းပြိုကျမှုကြောင့် ကားအစီးရေ ၂၃ စီးလျှောကျခဲ့သည်ဟု သိရသည်။ အခြားလူ ၃၀ သည် ဆေးရုံတွင်ကုသမှုခံယူလျက်ရှိပြီး ၎င်းတို့အားလုံး အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း Meizhouမြို့ အာဏာပိုင်များကပြောကြားသည်။ အဆိုပါလမ်းပြိုကျမှုသည် Meizhouမြို့ရှိ Meizhou-Dabu အမြန်လမ်းတွင် မနက် ၂ နာရီ ၁၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။၎င်းလမ်းပြိုကျမှုအပိုင်းသည် ၁၇ ဒသမ ၉ မီတာအရှည်ရှိသည်ဟု တာဝန်ရှိသူများကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို