တရုတ်နှင့် ကြားဖြတ်သဘောတူညီချက်ရရှိရန် ဒေါ်နယ်ထရန့် ဆန္ဒရှိ

၁၃ စက်တင်ဘာ

 

အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးအငြင်းပွားမှု ရပ်တည်ချက်မှာ နူးညံ့ပျော့ပြောင်းမည့် အရိပ်ယောင်များရှိသည်ဟု ဆိုသည်။

 

ဒေါ်နယ်ထရန့်သည် တရုတ်နိုင်ငံနှင့်ပတ်သက်သော ပမာဏကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို စဉ်းစားမည်ဖြစ်ကြောင်း ၎င်းက  ယမန်နေ့က ပြောကြားခဲ့သည်။

 

4

 

ပြီးပြည့်စုံသည့် သဘောတူညီချက်ရရန်အတွက် ကြားဖြတ်သဘောတူညီချက်ကို စဉ်းစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

တင်းမာမှုများ ဖြေလျော့ရန်အတွက် နည်းလမ်းအဖြစ် တရုတ်နိုင်ငံသည် အစောပိုင်းကတည်းက အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးသွင်းကုန်များကို ပြန်လည်လက်ခံရန် အကြံပြုခဲ့သည်။

 

တရုတ်ကုမ္ပဏီများသည် အမေရိကန်ပြည်ထောင်စုမှ ဝက်သားနှင့်ပဲပုပ်စေ့များနှင့်ပတ်သက်ပြီး ဈေးနှုန်းများ မေးမြန်းလျက်ရှိကြောင်း အဆိုပါ ကုန်သွယ်ရေးဌာနက ပြောကြားခဲ့သည်။

 

အဆိုပါ မေးမြန်းချက်များပြီးနောက် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်ဆက်လက်တိုးမြှင့်ရန် နောက်ဆုတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်