တရုတ်ပြည်မကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ခံရသူဦးရေ ၁၄၀ ထပ်မံတွေ့ရှိ

မေ ၁၆

 

တရုတ်ပြည်မကြီးတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပြည်တွင်းကူးစက်ခံရသူဦးရေ ၁၄၀ ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ၆၉ ဦးသည် ရှန်ဟိုင်းမြို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ကိုဗစ်ရောဂါကူးစက်မှုတွေ့ရှိသည့်နေရာဒေသများဖြစ်ကြသည့် ရှန်ဟိုင်းမြို့အပြင် ပေကျင်းမြို့တွင် ၃၉ ဦးတွေ့ရှိမှုအပါအဝင် ပြည်နယ်အဆင့်အခြားဒေသရှစ်ခုတို့တွင်လည်းကိုဗစ်ကူးစက်မှုထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယမန်နေ့က ဆေးရုံမှာဆင်းသွားသူ ၆၂၇ ဦးရှိပြီး တရုတ်ပြည်မကြီးရှိဆေးရုံအသီးသီးတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ကုသမှုခံယူနေသူ ၅၆၆၁ ဦးရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

ရှန်ဟိုင်းမြို့တွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့သည်ဟု ထိုကော်မရှင်က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို