တရုတ်ပြည်မကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားသူဦးရေ ၈၀ ထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၁၃

 

တရုတ်ပြည်မကြီးတွင် ကိုဗစ်-၁၉ ရောဂါပြည်တွင်းကူးစက်ဖြစ်ပွားသူဦးရေ ၈၀ ထပ်မံတွေ့ရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့တွင် ပြောကြားသည်။

 

ပြည်နယ်အဆင့်ဒေသကြီးရှစ်ခုတို့တွင်  ပြည်ပကူးစက်မှု ၂၁ ဦးထပ်မံတွေ့ရှိသည်ဟု ထိုကော်မရှင်ကဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့်ဆက်စပ်ပြီး ထပ်မံသေဆုံးသူမရှိဟု ၎င်းကထပ်လောင်းပြောသည်။

 

တရုတ်ပြည်မကြီးတွင် ဆေးကုသမှုခံယူနေဆဲလူနာ ၁၃၈၁ ဦးအပါအဝင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၉၉၇၈၀ ရှိပြီး ၎င်းတို့အနက် ကျန်းမာရေးအခြေအနေဆိုးရွားသူ ၂၇ ဦး ရှိသည်ဟု ဖော်ပြထားသည်။

 

ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၉၃၇၆၃ ဦး ရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၆၃၆ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို