တရုတ်ပြည်မကြီးတွင် ပြည်ပမှ ရောက်ရှိလာသူ ကိုးဉီးတွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိ

၁၇ စက်တင်ဘာ

 

 

တရုတ်ပြည်မကြီးတွင် ဗုဒ္ဓဟူးနေ့က ပြည်ပမှ ပြန်လည် ရောက်ရှိလာသူ ကိုးဉီးမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၆၇၄ ဉီး ရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

 

 

ကူးစက်မှု အသစ်များမှာ ရှန်ဟိုင်းတွင် လေးဉီး၊ ရှန်စီးတွင် နှစ်ဉီး၊ ဟီနန်တွင် တစ်ဉီးနှင့် ကွမ်တုံနှင့် ယူနန်ပြည်နယ်တို့တွင် တစ်ဉီးစီဖြစ်ကြောင်း အဆိုပါ ကော်မရှင်၏ နေ့စဉ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 

ပြည်ပမှ ပြန်လာပြီး ရောဂါကူးစက် ခံရသူများအနက် ၂၅၃၃ ဉီးမှာ အခြေအနေ ပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားပြီးနောက် ၁၄၁ ဉီးမှာ ဆေးရုံတွင် ကုသမှု ခံယူနေဆဲဖြစ်ကြောင်း အဆိုပါ ကော်မရှင်က ထုတ်ပြန်ထားသည်။

 

 

ပြည်ပမှ ကူးစက်ခံရသည့် လူနာများထဲတွင် သေဆုံးသူ မရှိဟု ထုတ်ပြန်ထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်