တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ပေကျင်းတွင် စတင်ကျင်းပ

၁ အောက်တိုဘာ

 

 

တရုတ်နိုင်ငံ ပေကျင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားပွဲ ကျင်းပနေကြောင်း ဖော်ပြထားသည်။

 

 

ထိုအခမ်းအနားကို တီအန်မင် ရင်ပြင်တွင် ယနေ့မနက်ပိုင်း က ကျင်းပကာ အစိုးရ၏ စစ်ရေးစွမ်းရည်ပြပွဲကို တစ်ခဲနက်ပြသခဲ့ကြသည်။

 

 

ထိုအခမ်းအနားသို့ သမ္မတ ရှီကျင့်ဖျင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

 

 

အဆိုပါ အခမ်းအနားတွင် လေယာဉ်အစီးရေ ၁၆၀ ကောင်းကင်တွင် ပျံသန်းနေစဉ် စစ်သားအင်အား ၁၅၀၀၀ နှင့် စစ်ယာဉ်အစီးပေါင်း ၆၀၀ တို့ တက်ရောက်အင်အားပြမည် ဖြစ်သည်။

 

 

ယင်းအစိုးရသည် ဟောင်ကောင်တွင် ဖြစ်ပွားနေသော ဒီမိုကရေစီ အရေးဆန္ဒပြသမားများနှင့် အမေရိကန်နှင့် ဖြစ်ပွားနေသော ကုန်သွယ်ရေး စစ်ပွဲအပါအဝင် ပြဿနာ အမြောက်အမြားနှင့် ရင်ဆိုင်နေရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို