တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အထူးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ 

ရန်ကုန် ဧပြီ  ၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး၊  H.E. Mr. Wang Ning   ဦးဆောင်သောအထူးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀နာရီ ၅၅မိနစ် တွင် လာအိုနိုင်ငံမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့‌ရောက်ရှိသည်။

အထူးကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ တိုင်းဒေ သကြီး စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး  H.E. Mr. Chen Hai နှင့် သံရုံးတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်