တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓလက်ဝဲအထက်စွယ်တော် ဒဂုံ(ဆိပ်ကမ်း)တွင် ကြွချီအပူဇော်ခံ

ရန်ကုန် ၃ ဇွန် 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော မြတ်ဗုဒ္ဓ၏ လက်ဝဲအထက်စွယ်တော်သည် ဇွန် (၂) ရက် ညနေ ၅ နာရီက ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၂) ရပ်ကွက်(စစ်တောင်းရိပ်မွန်အိမ်ရာ) ကြံတိုင်း အောင်ဆုတောင်းပြည့်စေတီတော်မြတ်သို့ ခေတ္တအပူဇော်ခံ ကြွရောက်ခဲ့သည်။

 

dd9

 

မြတ်စွယ်တော်အား ကြံတိုင်းအောင်စုတောင်းပြည့် စေတီတော်ဂေါပကအဖွဲ့နှင့် ပြည်သူလူထုများ ကြိုဆိုဖူးမြော်ခဲ့ကြသည်။

မြတ်ဗုဒ္ဓ၏စွယ်တော်မြတ်သည် ဇွန် (၂) ရက်နှင့် (၃) ရက်နေ့တွင် ရန်ကုန်တိုင်းအတွင်း အပူဇော်ခံလှည့်လည်ခဲ့ပြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သို့ ကြွချီအပူဇော်ခံမည်ဖြစ်သည်။

သိမ်းစိုး(ပြန်/ဆက်)