တရုတ်တွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လေးဦးတွေ့ရှိ

၁၉ ဇန်နဝါရီ

 

 

တရုတ်နိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လေးဦးထက်မနည်း တွေ့ရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။

 

 

ဒီဇင်ဘာလလယ်က ဗြိတိန်နိုင်ငံမှ ရှန်ဟိုင်းသို့ ပြန်လာသော ကျောင်းသား တစ်ဦးတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ပထမဆုံး ကူးစက်ခံရကြောင်း အတည်ပြုကာ နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြခဲ့သည်။

 

 

ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အခြားသူများမှာ ဂွမ်ဒေါင်းနှင့် ရှန်ဒေါင်းပြည်နယ် မှဖြစ်ပြီး ၎င်းတို့သည် ဗြိတိန်နှင့် အာဖရိကနိုင်ငံတို့မှ ပြန်လာသူများဖြစ်သည်ဟု ၎င်းမီဒီယာက ဆိုသည်။

 

 

ဗဟိုအစိုးရနှင့် ဒေသခံ အာဏာပိုင်များသည် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ တားဆီးရန် ခိုင်မာအားကောင်းသည့် အစီအမံများကို လုပ်ဆောင်နေကြသည်။

 

 

ပေကျင်းတွင် အခြားနိုင်ငံများမှ ပြန်ရောက်ရှိလာသူများ သီးသန့်ခွဲနေထိုင်မှုကို ၁၄ ရက်ကြာ နေထိုင်ရန် သတ်မှတ်ထားရာမှ ၂၁ ရက်ကြာ နေထိုင်ရန် တိုးမြှင့်သတ်မှတ်ခဲ့သည်။

 

 

တရုတ် ကျန်းမာရေး အာဏာပိုင်များက ပြည်တွင်း ဆေးဝါးကုမ္ပဏီများက ထုတ်လုပ်သော ကိုဗစ် ကာကွယ်ဆေးများသည် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်များကို အသင့်ပြင်ဆင်နေကြောင်း ပြောကြားသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို