တတိယမြောက် အယ်လဘမ်ကို အခုလ ၂၀ ရက်မှာ ထွက်ရှိမယ်ဆိုတဲ့ နီနီခင်ဇော်

မန္တလေး ၁၄ ဇူလိုင်

 

FG Live Lounge Mini Concert နဲ့အတူတူ နီနီခင်ဇော် ရဲ့ တတိယမြောက် အယ်လဘမ် ဖြစ်သည့် "U" Album Music Videos ကို ဇူလိုင်လ ၂၀ ရက်မှာ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

အခုလ ၁၃ ရက်က မန္တလေးမြို့ Swety Home Living Mall မှာပြုလုပ်တဲ့ ဆွီးတီးဟုမ်း၏ ကားကံစမ်းမဲဖွင့်ပွဲတွင် ဖျော်ဖြေရန် လာရောက်ခဲ့သည့် နီနီခင်ဇော်ကပြောခဲ့ခြင်းဖြစ်သည်။ 

 

FG live Lounge ရဲ့mini concert အပြီးမှာ နီနီကိုယ်တိုင် လက်မှတ်ထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။


 
"အဆင်ပြေပါစေဆိုတဲ့ Single song သီချင်းလေးကို ထွက်ရှိထားပါတယ်။ လာမယ့် ၂၀ ရက်မှာ FG Live Lounge အတွက်ဖျော်ဖြေပွဲမှာ "U" Album Music Videos အခွေထွက်တော့မှာပါ'' ဟု အဆိုတော် နီနီခင်ဇော် ပြောသည်။ 

 

FG live Lounge ရဲ့mini concert မှာ သီချင်း အသစ်၊ အဟောင်း စုစုပေါင်း ၁၆ ပုဒ် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်