တုံဂါနိုင်ငံတွင် ပြင်းအား ၆ ဒသမ ၆ ပမာဏရှိ ငလျင်လှုပ်ခတ်

၅ နိုဝင်ဘာ

 

တောင်ပစိဖိတ် သမုဒ္ဒရာရှိ တုံဂါနိုင်ငံအနီးတွင် ပြင်းအား ၆ ဒသမ ၆ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

တုံဂါနိုင်ငံ နီအာဖူမြို့မှ ၁၃၀ ကီလိုမီတာ အကွာတွင် ယမန်နေ့က ၂၂ နာရီ ၄၃ မိနစ်တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒတိုင်းတာရေး အဖွဲ့က ဆိုသည်။

 

အမေရိကန် ဘူမိဗေဒတိုင်းတာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ ထိုငလျင်ပြင်းအားမှာ ၆ ဒသမ ၆ ပမာဏရှိပြီး ၁၃ ကီလိုမီတာ အနက်ရှိကြောင်း သိရသည်။

 

ဆူနာမီ သတိပေးချက်မရှိဟု ဟာဝိုင်ယီရှိ ပစိဖိတ် သတိပေးချက် စင်တာက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို