တူနီးရှားဝန်ကြီးချုပ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်

၉ သြဂုတ်


တူနီးရှား ဝန်ကြီးချုပ် ယုစပ်ဖ် ချာဟတ်ဒ် က စက်တင်ဘာလတွင်ကျင်းပရန်စီစဉ်ထားသည့် သမ္မတရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း  ယမန်နေ့က ကြေညာခဲ့သည်။


ယုစပ်ဖ် ချာဟတ်ဒ် က တူနီးရှားမြို့တော်ရှိ တာရှ်ဟာ တုန်းပါတီ ၏ အမျိုးသားကောင်စီ  အထူးအစည်းအဝေးတစ်ရပ်တွင် သမ္မတရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် ကြီးမားသောတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ယုစပ်ဖ်ချာဟတ်ဒ်သည်တူနီးရှားနိုင်ငံကိုအဟန့်အတားဖြစ်သည့်ဥပဒေဟောင်းစနစ်အဆုံးသတ်စေရန်ဤကိုယ်စားလှယ်လောင်းမှဆင့်လုပ်ဆောင်သွားဖို့လိုလားကာတစ်ချိန်တည်းမှာပင်အမျိုးသားရေးတပ်ဖွဲ့များ၏ကိုယ်စားလှယ်လောင်းအဖြစ်အလေးထား သည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။


ယုစပ်ဖ် ချာဟတ်ဒ် က ရွေးကောက်ပွဲဆိုင်ရာ လွတ်လပ်သည့် အာဏာပိုင်အဖွဲ့ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်မည့်ဖိုင်တွဲ ကို ယနေ့တင်သွင်းရန်လိုလားခဲ့သည်။  


ကိုးကား- ဆင်ဟွာ


ဘာသာပြန်- မြင့်မြင့်ချို