တူရကီနိုင်ငံအနောက်မြောက်ပိုင်းတွင် အိုင်အက်စ်ဟု သံသယရှိသူ ၂၆ ဦးကို ထိန်းသိမ်းထား

mdn

အစ္စတန်ဘူလ် ၃၀ အောက်တိုဘာ

 

တူရကီရဲများသည် တူရကီအနောက်မြောက်ပိုင်းတွင် ဆီးရီးယားလူမျိုး ၁၂ ဦးပါဝင်သည့် လူပေါင်း ၂၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

၄င်းတို့အားလုံးကို အိုင်အက်စ်အဖွဲ့နှင့်ဆက်စပ်မှုရှိသည်ဟု ယူဆရသည့်အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။ အိုင်အက်စ်အဖွဲ့နှင့်ဆက်စပ်မှုရှိသည်ဟု သံသယရှိသူများကို ဖမ်းဆီးရန် ဘာဆာပြည်နယ်တွင် တူရကီရဲများက စစ်ဆင်ရေးဆင်နွှဲခဲ့ကြသည်။

 

ဖမ်းမိထားသည့် ဆီးရီးယားနိုင်ငံသားများကို မူရင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ပြီး နိုင်ငံမဖော်ပြနိုင်သည့်လူများကိုမူ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားမည်ဖြစ်သည်။ အန်ကာရာမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း အိုင်အက်စ်ဟု သံသယရှိသူ နိုင်ငံခြားသား ၂၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့သည်။

 

ကိုးကား - ဆင်ဟွာ