တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၂၅၉ ဦး ထပ်မံတွေ့ရှိ

အန်ကာရာ နိုဝင်ဘာ ၁၂

 

တူရကီနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၂၅၉ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၃၁၅၄၂၄ ဦးရှိလာကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ။

 

သေဆုံးသူပေါင်း ၇၂၇၁၃ ဦးရှိလာ

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၂၀၃ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၇၂၇၁၃ ဦးရှိလာသည်။

 

တူရကီနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို အသုံးပြုလျက်ရှိသည်။

 

လက်ရှိအချိန်အထိ ပြည်သူ ၅၅ ဒသမ ၇၂ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ပြီး ၄၉ ဒသမ ၄ သန်းကျော်သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ်သည်။

 

တတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုအပါအဝင် ကာကွယ်ဆေးအလုံးရေ ၁၁၇ ဒသမ ၈၆ သန်းအား ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်