တူရကီနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁ ဒသမ ၈ သန်း ကျော်လွန်လာပြီဖြစ်

အင်ကာရာ   ၁၄  ဒီဇင်ဘာ

တူရကီနိုင်ငံတွင် ဒီဇင်ဘာ ၁၂ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၉၁၃၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ၅၂၀၃ဦး မှာ ရောဂါလက္ခဏာမပြသူများဟု သိရသည်။

ထို့ကြောင့် နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၈၀၉၈၀၉ ဦးအထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၂၂ ဦး ထပ်မံတိုးလာသည့်အတွက် စုစုပေါင်း ၁၆၁၉၉ ဦးအထိရှိလာခဲ့သည်။ စုစုပေါင်း ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာမူ ၁၅၈၁၅၆၅ ဦးအထိ ရှိလာပြီဖြစ်သည်။ အဆုတ်ရောင်ရောဂါ ခံစားရသည့် ကိုဗစ်-၁၉ လူနာ ၃ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်သူ ၅၉၆၁ ဦး ရှိသည်ဟု သိရသည်။ တူရကီနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်မှုကို မတ်လ ၁၁ ရက်တွင် ပထမဦးဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆင်ဟွာ