တူရကီနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း ၆၇၅၀၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

အင်ကာရာ ၁၈  ဇန်နဝါရီ

တူရကီနိုင်ငံတွင် ကာကွယ်ဆေးထိုး ခြင်းအစီအစဉ် ပထမသုံးရက်တာအတွင်း ကျန်းမာရေးဝန်ထမ်းပေါင်း ၆၇၅၀၀၀ ကျော်ကို တရုတ်နိုင်ငံထုတ် ကိုဗစ် -၁၉ ကာကွယ်ဆေး ဆီနိုဗက် ကို ထိုးနှံပေးခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် တူရကီကျန်းမာရေးဝန်ကြီးဌာနက အချက်အလက်များပြသခဲ့သည်။

တူရကီတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူ ၉၀၂ ဦး အပါအဝင် ကူးစက်ခံရသူပေါင်း ၇၅၅၀ ထပ်မံ တွေ့ရှိခဲ့သည့်အတွက် စုစုပေါင်း ကူးစက်ခံရသူ ၂၃၈၀၆၆၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သေဆုံးသူ ၁၆၈ ဦး တိုးလာသည့်အတွက် သေဆုံးသူ စုစုပေါင်းမှာ ၂၃၈၃၂ ဦးအထိ ရှိလာပြီး ပြန်လည် ကျန်းမာလာသူ ၂၂၅၄၀၅၂ ဦး ရှိပြီဖြစ်သည်။ တူရကီနိုင်ငံတွင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို အတည်ပြုပေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၄ ရက်မှ စတင်ကာ အစုလိုက် ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို စတင်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ