ရန်ကုန်    မေ    ၁၀

မြန်မာစံတော်ချိန် မေ ၁၀ ရက် နံနက်ပိုင်းက UFC 328 ပြိုင်ပွဲ၏  Fight of the Night အဖြစ် မြန်မာဖိုက်တာ   ဂျိုရှုအာဗန်နှင့်  ဂျပန်ဖိုက်တာ တက်ဆုရိုတိုင်ရာတို့၏ပွဲ ရွေးချယ်ခံရသည်။

ယင်းပွဲတွင်  မြန်မာဖိုက်တာ ဂျိုရှုအာဗန်က  ပြိုင်ဘက်  ဂျပန်ဖိုက်တာ  တက်ဆုရိုတိုင်ရာကို ပဉ္စမအချီ ၁ မိနစ် ၃၂ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိကာ ဖလိုင်းဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို  ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။  စိန်ခေါ်သူ  တိုင်ရာကလည်း ဂျိုရှုအာဗန်ကို  အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သည်။  နှစ်ဦးစလုံး၏  အပြန်အလှန်ထိုးသတ်မှုများကြောင့်   ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး  Fight of the Night အဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။  Fight of the Night အဖြစ် ရွေးချယ်ခံရသဖြင့် ဂျိုရှုအာဗန်ရော တိုင်ရာပါ  နှစ်ဦးစလုံးအပိုဆုကြေးဒေါ်လာတစ်သိန်းစီရရှိခဲ့သည်။

သတင်း-မောင်စံကြီး

ဓာတ်ပုံ-UFC