“Uncle Boonmee Who Can Recall His Past Lives” အမည်ရှိ ထိုင်းရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှုအစီအစဉ် ပြုလုပ်မည်

ရန်ကုန် ၁၇ ဇူလိုင်

ဒါရိုက်တာ Apichatpong Weerasethakul ၏ “Uncle Boonmee Who Can Recall His Past Lives” ဇာတ်ကားအား ဇူလိုင် ၂၁ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှုအစီအစဉ် ပြုလုပ်ကြမည် ဖြစ်သည်။

အဆိုပါအစီအစဉ်ကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်အဖြစ် (၂၁)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းမှ ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။ 

ထိုင်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သော “Uncle Boonmee Who Can Recall His Past Lives” ရုပ်ရှင်ဇာတ်ကားသည် ထိုင်းဒါရိုက်တာ Apichatpong Weerasethakul ၏ လက်ရာကောင်း တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်၊ ပြင်သစ်နိုင်ငံ Cannes Film Festival တွင် Palmed’Or ဆုကို ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်