ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် ၁/၂၀၂၂ သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် မေ ၃၁
     
ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၂  သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး က ဥပဒေအရာရှိအဖြစ် ဘဝသစ်စတင်ပြီဖြစ်ပြီး သင်တန်းတွင် ဥပဒေ၊ နည်း ဥပဒေ၊ ရုံးလုပ်ငန်းနှင့် အမှုလိုက်ဘာသာရပ်များ၊ မဟာဗျူဟာစီမံကိန်း၊ ဥပဒေအရာ ရှိကျင့်ဝတ်၊ မျှတ သောတရားစီရင် ရေးဆိုင်ရာ စံနှုန်းများဖြင့် ပြည့်ပြည့်စုံစုံ ပို့ချပေးခဲ့ပြီး ပြင်ပပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်ကြီးကို ဖိတ်ခေါ်၍ ပို့ချပေးခဲ့ခြင်းတို့ကြောင့် ဥပဒေအရာရှိ ဘဝတစ်လျှောက်လုံး အတွက် တန်ဖိုးမဖြတ်နိုင်သော အသိပညာ ဗဟုသုတများ ပေးနိုင်သဖြင့် တာဝန်ကျရာ နေရာတွင် ဥပဒေအရာရှိအဆင့်-၄ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ရင်း ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက် သွားမည့် ဥပဒေ အရာရှိများ ဖြစ်ကြ ပါစေကြောင်း ပြောကြားသည်။
                                                                       
(သတင်းစဉ်)