ဘားအံ ဇွန် ၁

 

ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်သည့် ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကို မေ ၃၁ ရက် နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်း တက်ရောက်၍ ဥပဒေအရာရှိများ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အများပြည်သူ ယုံကြည်ကိုးစားမှုရရှိစေရေးနှင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အရည်အချင်းပြည့်ဝသည့် ဥပဒေအရာရှိများ ဖြစ်စေရေးအတွက် ဥပဒေအရာရှိကျင့်ဝတ်ပါအချက်များကို အလေးထားလိုက်နာကြရန် မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဥပဒေအရာရှိက ကရင်ပြည်နယ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေရုံးများမှ ခရိုင်ဥပဒေအရာရှိများအား ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)