ဥပဒေစိုးမိုးရေးနှင့် အဂတိကင်းသည် တရားစီရင်ရေး


နိုင်ငံတိုင်တွင် ဥပဒေစိုးမိုးရန်လို၏။ ဤသည်မှာ အထူးတလည် ရှင်လင်းပြောပြနေစရာလိုမည် မဟုတ်ပါ။ ဥပဒေစိုးမိုးမှုသည် နိုင်ငံသားတို့၏ ကိုယ်စိတ်နှစ်ပါး လုံခြုံရေးအတွက် အရေးကြီး ဆုံးသော လိုအပ်ချက်ဟုဆိုလျှင်လည်း မှားမည်မဟုတ်ပါ။
ဥပဒေစိုးမိုးရေးတွင် ပဓာနကျသော အညှာတစ်ခုမှာ တရား စီရင်ရေးစနစ် ဖြစ်ပါသည်။ မှန်ကန်သော၊ တိကျသော ဘက်လိုက်သော မျှတသော၊ အတိကင်းစင်သော တရားစီရင်ရေး စစ်သည် မြန်မာပြည်သူတို့ မျှော်လင့်ကြီး မျှော်လင့်နေကြ သည့် အိပ်မက်တစ်ခု ဖြစ်ပါသည်။
မျှတမှုမရှိဟု ခံစားရသော၊ အတိမင်းဟုထင်မြင်မိသော၊ ငွေများအာနိုင်း အာဏာရှိတရားနိုင်ဟု စွပ်စွဲမိနေကြသော တရားစီရင်ရေးစနစ်ကို နှစ်များစွာ၊ ခေတ်များစွာကို ဖြတ်သန်း လာရသည့် ပြည်သူတို့သည် ပြည်သူ့အစိုးရဆော်တွင် သန့်စင် သော တရားစီရင်ရေးစနစ်အဖြစ် ပြောင်းလဲသည်ကို မြင်လိုကြသည်။
သန့်ရှင်းစင်ကြယ်မျှတသော တရားစီရင်ရေးစနစ်သည် ရာထူးအာဏာကြီးသူ သို့မဟုတ် ငွေကြေးဥစ္စာကြွယ်ဝသူတို့က ဝင်ရောက်လွှမ်းမိုးသက်ရောက်မှုမရှိနိုင်။ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်းပေါ်တွင်သာ မူတည်နေရမည်ဖြစ် ပါသည်။
လာဘ်ပေးလာဘ်ယူမှုမရှိဘဲ၊ အာဏာဖြင့် အမိန့်ဖြင့် ဖိအားပေးစေခိုင်းမှုမရှိဘဲ လွတ်လပ်သော တရားစီရင်သည့်စနစ်ဖြစ်ရန် ပြည်သူတို့က အထူးလင့် လိုလားကြပါသည်။
အာဏာရှင်ခေတ်တစ်ခုက စစ်ခုံရုံးဖြင့် အကျဉ်းချုံစစ်ဆေး မိန့်ချခဲ့သည့် အမှုအခင်းပေါင်းများစွာ၊ မည်သူတစ်ဦး တစ်ယောက်မျှမသိလိုက်ဘဲ စာအိတ်ဖွင့်ဖောက် အမိန့်ချခဲ့သည့် တရားစီရင်ရေးစနစ် စသည်တို့ကိုကြုံခဲ့ကြဖူးသည့် အားလျော်စွာ ပြည်သူလူထုရှေ့မှောက်တွင်ပွင့်လင်းမြင်သာစွာ တရားစီရင်ခြင်း မျိုးဖြစ်ရန်လည်း မျှော်လင့်ကြပါသည်။ ဥပဒေအရ ကန့်သတ်ထား သည့်ကလေးသူငယ်ဆိုင်ရာ အမှုအခင်းအစရှိသည်တို့မှ လွဲလျှင် လူထုရှေ့မှောက်တွင် လွတ်လပ်ပွင့်လင်းစွာ တရားစီရင်ခြင်းက စနစ်ကျမှန်ကန်မျှတသော တရားရေးစနစ်သို့ ဦးတည်မည်ဟု မျှော်လင့် ယုံကြည်ပါသည်။
အခြေခံအကျဆုံက အတိတရားလေးပါး ကင်းရှင်းဖို့ဖြစ်ပါ မည်။လေးပါးသော အဂတိတရားဖြစ်သည့် ဆန္ဒာဂတိ၊ ဒေါသာတိ၊ ဘယာ ဂတိ၊ မောဟ တိတို့ ကင်းရှင်းကြရန် ဖြစ်ပါ၏။ မိမိ ချစ်ခင်လိုသူဖြစ်၍၊ မိမိက မလိုမုန်းထားသူ ဖြစ်၍၊ မိမိ အပေါ်လွှမ်းမိုဩဇာရှိသူ သို့မဟုတ် မိမိအပေါ်ကျရောက်နေသော ဖိအားများကို ကြောက်သည်ဖြစ်၍၊ အမှန်ကို မသိမြင်နိုင်၊ သိနားမလည်နိုင်ဖြစ်၍ စသောအကြောင်းများကြောင့် မှန်မှန် ကန်ကန်စိစစ်ကာ တရားမျှတစွာ အဆုံးအဖြတ်မပေးခြင်း၊ မတရားဘက်လိုက်ခြင်း စသည့်အတိတရားများ ကင်းရှင်းသို့ စနစ်ကို ပြည်သူတို့က လိုလားခြင်းဖြစ်၏။
လာဘ်ပေးသူကို မျက်နှာသာပေးခြင်း၊ မိမိနှင့် မသင့်သူ ဖြစ်လျှင် တစ်ဖက်စောင်းနင်း စီရင်ခြင်း။ မိမိကို အင်အားဖြင့် ဖိနှိပ်ခြိမ်းခြောက်မှုကို စိုးရိမ်စိတ် ကြောက်ရွံ့စိတ်ဖြင့် မှန် ကန်ဆုံးဖြတ်ခြင်း၊ အမှန်ကို မမြင်နိုင် နမလည်နိုင်သည့်ပြင် အမှန်ကိုမြင်အောင် နားလည်အောင် မကြိုးပမ်းဘဲ သိ နမလည်စွာ အဆုံးအဖြတ်ပေးခြင်း စသည့် အတိမျိုးကင်ရှင်း သည့် တရစီရင်ရေးစနစ်ကို မျှမျှော်လင့်ကြခြင်း ဖြစ်ပါသည်။
အဂတိကင်းစင်သော တရားစီရင်ရေးစနစ်မျိုး ကျကျနန ထူထောင်ခြင်းဖြင့်သာဥပဒေစိုးမိုးသည့်နိုင်ငံအဖြစ်တည်ဆောက် နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
မြန်မာ့အလင်း