ဥပ‌ဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပ

နေပြည်တော်     ဧပြီ    ၆

 

ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာ သင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့်  ပျော်ပွဲ ရွှင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့    ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး   တက်ရောက်၍   နှစ်သစ်တွင် ပျော်ရွှင်ကျန်းမာကြပါစေကြောင်း၊     စိတ်သစ် ကိုယ်သစ်ဖြင့် နိုင်ငံ့တာဝန်၊ မိသားစုတာဝန်များကို ကျေပွန်စွာ  ထမ်းဆောင်နိုင်သူများ  ဖြစ်ကြပါစေ ကြောင်း၊ ကမ္ဘာသူကမ္ဘာသားအားလုံးနှင့် မြန်မာနိုင်ငံ သားအားလုံး ကပ်ရောဂါဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ချမ်းသာသုခနှင့် ပြည့်စုံပါစေကြောင်း ဆု‌တောင်းမေတ္တာပို့သပြီး ညွှန်ကြားရေးမှူးချုပ်များ က နှစ်သစ်ဆုတောင်းစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရှိ   အရာထမ်း၊   အမှုထမ်းများကို   စတုဒိသာ ကျွေးမွေးနေမှုနှင့် သင်္ကြန်တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ အခမ်းအနားသို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သတင်းစဉ်