ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဥပဒေများစာအုပ်ထုတ်ဝေ

နေပြည်တော်၊  မေ  ၇

 

ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲ စာအုပ်များပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ပြဋ္ဌာန်းခဲ့သော ဥပဒေများကိုစုစည်း၍ နှစ်အလိုက် ဥပဒေစာအုပ်များထုတ်ဝေခဲ့ပြီး ယခုအခါ ၂၀၂၃ ခုနှစ်၊ ဥပဒေများစာအုပ်ကို ထုတ်ဝေပြီးဖြစ်သည်။

 

၂၀၂၃ ခုနှစ်၊ ဥပဒေများစာအုပ်သည် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်းခဲ့သော ဥပဒေများကို စုစည်း၍ စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင် ဥပဒေပေါင်း (၅၆) ခု ပါဝင်သည်။

 

အဆိုပါ ၂၀၂၃ ခုနှစ်၊ ဥပဒေများစာအုပ်သည် တရားဝင်ရည်ညွှန်းကိုးကားနိုင်သည့် စာအုပ်ဖြစ်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာလေ့လာလိုသူများအတွက် အသုံးဝင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည့်အပြင် စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်