ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး သွားရောက်ဖူးမြော်

နေပြည်တော် ၁၂  ဧပြီ

 

မြန်မာနိုင်ငံ၌ ရောက်ရှိနေသော သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ တီလက် မာရာပါနာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

 

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့အား ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင် ဦးကြည်လွင်က စေတီတော်၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်းရှိ ကျောက်စိမ်းရုပ်ပွားတော်များအား ဖူးမြော်ကြည် ညိုပြီး သစ်သီး၊ ပန်း၊ ရေချမ်းတို့ ဆက်ကပ်လှူဒါန်းသည်။

 

mdn

 

ယင်းနောက် သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးသည် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး စေတီတော်အရှေ့ ဘက်မုခ်ရှိ ရတနာဆင်ဖြူတော်ဆောင်သို့ရောက်ရှိကာ ဆင်ဖြူတော်များအား အစားအစာများ ကျွေးမွေးသည်။

 

မွန်းလွဲပိုင်းတွင် သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်မှ ပုဂံသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

 

(သတင်းစဉ်)

 

mdn