ဥရောပ၌ တစ်ပတ်တာအတွင်း ကိုဗစ်- ၁၉ ကူးစက်မှု အများဆုံးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖော်ပြ

ဂျီနီဗာ နိုဝင်ဘာ ၁၄

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဥရောပ၌ ကိုဗစ်- ၁၉ နောက်ထပ်ကူးစက်မှုပေါင်း နှစ်သန်းရှိခဲ့ရာ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှစတင်၍ အများဆုံးပမာဏဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နိုဝင်ဘာ ၁၂ ရက်တွင် ဖော်ပြထားသည်။

သေဆုံးသူ ၂၇၀၀၀ နီးပါးရှိ

ဥရောပတစ်လွှား ကိုဗစ်-၁၉နှင့်ဆက်စပ်ပြီး သေဆုံးသူဦးရေမှာလည်း ၂၇၀၀၀ နီးပါးရှိလာခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူး တက်ဒရို့စ်အက်ဒ်ဟာနွန်ဂီဘရီယက်ဆု က ပြောသည်။

ကူးစက်မှုမြင့်မား

ကိုဗစ် - ၁၉ ကူးစက်မှုများမှာ ကာကွယ်ဆေးထိုးပေးနိုင်မှု နိမ့်ပါးသည့် အရှေ့ဥရောပနိုင်ငံများတွင်သာ ကူးစက်မှု မြင့်မားသည်မဟုတ်ဘဲ ကာကွယ်ဆေးထိုးပေးနိုင်မှုမြင့်မားသည့် အနောက်ဥရောပနိုင်ငံများတွင်လည်း အဖြစ်များကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆင်ဟွာ