ဥရောပရွှေဖိနပ်ဆု (၆)ကြိမ်မြောက် မက်ဆီ ဆွတ်ခူးရရှိ

mdn

၁၇ အောက်တိုဘာ

 

ဘာစီလိုနာအသင်းတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ဥရောပရွှေဖိနပ်ဆုကို (၆)ကြိမ်မြောက် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

 

မက်ဆီသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ လာလီဂါပြိုင်ပွဲတွင် သွင်းဂိုး (၃၆)ဂိုးအထိ သွင်းယူခဲ့ခြင်းကြောင့် ဘာစီလိုနာမြို့တွင် ယနေ့ ပြုလုပ်ခဲ့သည့် ဆုချီးမြှင့်ပွဲ၌ ဥရောပရွှေဖိနပ်ဆုကို (၆) ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။ မက်ဆီသည် ဥရောပရွှေဖိနပ်ဆုကို (၃)နှစ်ဆက်ရရှိသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ အကြိမ်အများဆုံးရရှိသူအဖြစ်လည်း ရပ်တည်နေသည်။

 

မက်ဆီသည် ပြီးခဲ့သည့်ရာသီတွင် ဘာစီလိုနာအသင်းနှင့်အတူ ပြည်တွင်း ဆုဖလား နှစ်လုံးဖြစ်သည့် လာလီဂါ ဆုဖလားနှင့် စပိန်စူပါဖလားတို့ကို ဆွတ်ခူးရရှိခဲ့သည်။

 

မက်ဆီ ရွှေဖိနပ်ရရှိခဲ့သည့် ခုနှစ် နှင့် ဂိုးအရေအတွက်

 

၂၀၀၉-၁၀ (၃၄ ဂိုး )

၂၀၁၁-၁၂ ( ၅၀ ဂိုး )

၂၀၁၂-၁၃ ( ၄၆ ဂိုး )

၂၀၁၆-၁၇ ( ၃၇ ဂိုး )

၂၀၁၇-၁၈ ( ၃၄ ဂိုး )

၂၀၁၈-၁၉ ( ၃၆ ဂိုး )

 

MDN

mdn

 

mdn