ဥရောပတွင် လာမယ့်နှစ်လအတွင်း ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူများလာနိုင်ကြောင်း သတိပေးပြောကြား

၁၄ စက်တင်ဘာ

 

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ သေဆုံးသူများလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ကျွမ်းပညာရှင်တွေက ဒီနေ့(တနင်္လာနေ့)မှာ သတိပေးပြောကြားပါတယ်။ 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ဉရောပဆိုင်ရာ ဒါရိုက်တာ ဟန်းစ်ကလူးက အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူတွေ ပိုတွေ့ရမှာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများနေပေမယ့် သေဆုံးသူမှာ ပုံမှန်အခြေအနေသာဖြစ်နေကြောင်း၊ သတင်းဆိုးကို ဘယ်သူမှတော့ မကြားချင်ဖူးဆိုတာ သူနားလည်ကြောင်း ပြောပါတယ်။ 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဉရောပအတွင်းရှိ နိုင်ငံပေါင်း ၅၅ နိုင်ငံပါဝင်မယ့် ဗီဒီယိုဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ၊ ၁၅ ရက်တွေမှာ နှစ်ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို တုံ့ပြန်မယ့် ၅ နှစ်တာအတွက် နည်းဗျူးဟာကို ဆွေးနွေးဖို့ ရှိနေပါတယ်။

 

ကပ်ရောဂါပိုးကို ကာကွယ်ဆေးကနေ အဆုံးသတ်ပေးမှာလို့ ပြောဆိုသံနေကြားရပါတယ်။ အဲဒါက မဖြစ်နိုင်ဘူးလို့ ဒါရိုက်တာ ကလူးက ပြောပါတယ်။ ကာကွယ်ဆေးက လူသားအားလုံးကို ပေးနိုင်မလားဆိုတာ မသိသေးကြောင်း၊ ကာကွယ်ဆေးဟာ တချို့ကို ကူညီနိုင်မယ့် လက္ခဏတွေ တွေ့ရပေမယ့် တချို့အတွက်တော့ မဟုတ်သေးကြောင်း၊ ဒါကြောင့် ကပ်ရောဂါပိုးနဲ့ ဘယ်လို ယှဉ်တွဲနေထိုင်သွားမလဲဆိုတာကို ကမ္ဘာသူ ကမ္ဘာသားတွေက လေ့လာသွားဖို့လိုအပ်ကြောင်း  မစ္စတာ ကလူးက ပြောပါတယ်။ 

 

ဉရောပမှာ အခုသီတင်းပတ်တွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူအရေအတွက်ဟာ သိသိသာသာများနေပြီး အထူသဖြင့် ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ ဖြစ်ပါတယ်။ သောကြာနေ့ တစ်ရက်တည်းမှာ ဉရောပ ၅၅ နိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ  ၅၁,၀၀၀ ကျော်ရှိကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ လက်ရှိပမာဏဟာ ပိုးတွေ့ရှိသူ အများဆုံးဖြစ်ခဲ့တဲ့ ဧပြီလက တွေ့ရှိသူအရေအတွက်ထက် များနေကြောင်း သိရပါတယ်။ 

 

ဇွန်လအစောပိုင်းကစပြီး ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ နေ့စဉ် ၄၀၀ ကနေ ၅၀၀ အတွင်း ရှိနေကြောင်း WHO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

MDN
ကိုကား- AFP