ဥတ္တရသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

နေပြည်တော် မေ ၂၃

 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဥတ္တရသီရိမြို့နယ်အတွင်း အခြေခံပညာကျောင်း ၄၈ ကျောင်းတွင် သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံ စသည်တို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။

 

ဥတ္တရသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ခုနစ်ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ကိုးကျောင်း၊ အလယ်တန်းကျောင်း ခြောက်ကျောင်း၊  အလယ်တန်းကျောင်း(ခွဲ) သုံးကျောင်း၊ မူလတန်း(လွန်) လေးကျောင်း၊ မူလတန်းကျောင်း ၁၉ ကျောင်း စုစုပေါင်း ၄၈ ကျောင်းတို့တွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

အောင်မျိုးဝင်း(ပြန်/ဆက်)