ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဧပြီ ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ် ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ် (၅) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပပေးရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း။

ရွေးကောက်ပွဲကော်မရှင်၏တာဝန်သည် ရွေးကောက်ပွဲကျင်းပ၍ လွှတ်တော်ကိုယ် စားလှယ်များ ရွေးချယ်ပေးရုံမျှမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ၏အခြေခံမူဖြစ်သည့် စစ်မှန် ၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင်ရန်နှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန် လွတ်လပ်ပြီးတရား မျှတသည့် ရွေးကောက်ပွဲများ ကျင်းပပြီး အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ပေးရခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်ပေးခြင်းဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများ တိုးတက်ကောင်းမွန်စေပြီး အစိုးရကောင်းတစ်ရပ်ရရှိအောင် ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း။

လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရန်အတွက်လည်း အမြဲ ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပြီး ရွေးကောက်ပွဲတစ်ခု၌ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ အားလုံးအနေဖြင့် ရွေးကောက်ပွဲအပေါ်၌ ယုံကြည်လက်ခံကြရန်လိုသည့်အတွက် မှန်မှန်ကန် ကန် မျှမျှတတ ဖြစ်အောင် ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ ပြည်သူ့ဆန္ဒ ထင်ဟပ်သည့် ရွေးကောက်ပွဲများ ကျင်းပပေးနိုင်မည်ဖြစ်ကြောင်း။

သင်တန်းသားအရာရှိများအနေနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတာဝန်များကို တာဝန်ယူထမ်းဆောင်ကြရမည် ဖြစ်သည့်အတွက် မြို့နယ်လုပ်ငန်းများအပေါ် တာဝန်ခံရမည့်သူများပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကျင်းပရာတွင် မြို့နယ်ကိုအခြေခံပြီး ကျင်းပဆောင်ရွက်ခြင်းဖြစ်သည့် အတွက် မြို့နယ်ဦးစီးအရာရှိများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးသကဲ့သို့ တာဝန်လည်းကြီးကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် တစ်ရက်တည်းကျင်းပခြင်းဖြစ် သော်လည်း အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရသည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်း ပမာဏ လွန်စွာများပြားလှကြောင်း၊ မြို့နယ်တာဝန်ခံဖြစ်သည့် ဦးစီးအရာရှိများအနေနှင့် လုပ်ငန်းစဉ်များကို တာဝန်ပေးစေခိုင်းမှ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ် ထုံးလုပ်နည်းများ နှံ့စပ် ကျွမ်းကျင်မှုရှိစွာ လေ့လာထားရန်နှင့် ရွေးကောက်ပွဲလုပ် ငန်းစဉ်များ ကိုလည်း မှန်မှန်ကန်ကန်မျှမျှတတနှင့် တိတိကျကျဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် ဌာနအတွက် အားကိုးရသည့် လူတော်လူ ကောင်းများ၊ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။ 

အဆိုပါသင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော် မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်