The Voice Myanmar Season 2  Winner ဆုကို နိုဗန်ထူး ရရှိ

နေပြည်တော်  ၁၇   ဇွန် 

 

Forever Bec- Tero ကစီစဉ်တင်ဆက်သည့်  The Voice Myanmar Season 2 Grand Final ပြိုင်ပွဲကျင်းပမှုကို ယမန်နေ့ည ၉ နာရီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ရေကူး အသံလွှင့်ဝင်း၌ MRTV – 4 ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရာ Winner ဆုကို နိုဗန်ထူးက ဆွတ်ခူးရရှိသွားသည်။

 

The Voice Myanmar Season 2 Grand Final ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်သို့ မယ်လိုဒီခေါင်၊ ဟေဇယ်၊ ပေါလ်အော်စတင်နှင့် နိုဗန်ထူးတို့ တက်ရောက်လာခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဟေဇယ်က တစ်ကျော့နှစ်ကျော့တေးကိုသီ၊ နိုဗန်ထူးက နောက်ကျောသီချင်း၊ မယ်လိုဒီခေါင်က ဂျပ်ဆင်ထိပ်က လရိပ်ပြာသီချင်းနှင့် ပေါလ်အော် စတင်က သခင်သီချင်းတို့ဖြင့် သီဆိုယှဉ်ပြိုင်ပြီးနောက် ပရိသတ်Voting အများဆုံး ဖြင့် Team Kyar Pouk အဖွဲ့မှ နိုဗန်ထူးက Winner ဆုကို ဆွတ်ခူးရရှိသည်။

 

The Voice Myanmar Season 2 ၏ အကဲဖြတ်ဒိုင်များအဖြစ် အဆိုတော် Rဇာနည်၊ ကျားပေါက်၊ နီနီခင်ဇော်နှင့် ရန်ရန်ချမ်းတို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ 

 

သီဟစည်သူ