Volleyball Championship ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ၄  သြဂုတ် 


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) နှင့် (C)တို့၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ကြည့်ရှုအားပေးသည်။

 

3


ယနေ့ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ပါကစ္စတန်အသင်းနှင့် ဘာရိန်းအသင်း၊ သီရိလင်္ကာအသင်းနှင့် မြန်မာအသင်း၊ တရုတ်တိုင်ပေအသင်းနှင့် ကာတာအသင်း၊ ထိုင်းအသင်းနှင့် တရုတ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌  ဗီယက်နမ်အသင်းနှင့် ကာဇက်စတန်အသင်း၊ အိန္ဒိယအသင်းနှင့် နယူးဇီလန်အသင်း၊ ဂျပန်အသင်းနှင့် ဆော်ဒီအာရေးဘီးယားအသင်း၊ ဟောင်ကောင်အသင်း နှင့် သြစတေးလျအသင်းတို့ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

 

4


အဆိုပါ SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲကို သြဂုတ် ၃ ရက်မှ ၁၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)နှင့်(C)တို့၌ နေ့စဉ်နံနက် (၁၁)နာရီအချိန်မှ စတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။


(သတင်းစဉ်)