“ဝ” အထူးဒေသ (၂)၊ မိုင်းပေါက်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး Bill Board  စိုက်ထူ၊ သန်းခေါင်စာရင်းနည်းပြသင်တန်းဖွင့်လှစ်

နေပြည်တော် ဇွန် ၂၅

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ခရိုင်အလိုက် မြို့ကြီးများတွင် ဆောင်ရွက်လျက်ရှိရာ အထူးဒေသ() မိုင်းပေါက်ခရိုင်အတွင်း သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူပွဲကို ယနေ့နံနက်ပိုင်းတွင် မိုင်းပေါက်မြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနီး၌ ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းပြည်နယ်အရှေ့ပိုင်း)အဖွဲ့ဝင် ဦးလုကာ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် ဒုတိယပြည်နယ် ဦးစီးမှူး ဦးအောင်မြတ်သာ၊ အထူးဒေသ () မိုင်းပေါက်ခရိုင် အတွင်းရေးမှူး ဦးလီအိုက်ရိုင်း၊ ဒုတိယအတွင်းရေးမှူး ဦးကျန်ကျာ လော၊ ဒုတိယခရိုင်မှူး ဦးအားဖာတို့က Bill Board ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် အထူးဒေသ() အတွင်း သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ()နာရီတွင် မိုင်းပေါက်ခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ် သာက သန်းခေါင်စာရင်းကောက်ယူရ ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန သင်တန်းနည်းပြ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီနွယ်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများကို အထူးဒေသ() ခေါင်းဆောင်များနှင့် တာဝန်ရှိသူများကို ပေးအပ်သည်။

ဆက်လက်၍ မိုင်းပေါက်ခရိုင်အတွင်းရေးမှူး ဦးလီအိုက်ရိုင်းနှင့် ဒုတိယအတွင်းရေးမှူး ဦးကျန်ကျာလော တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြပြီး တက်ရောက်လာကြသည့် အထူးဒေသ()မှ ခေါင်းဆောင်များနှင့် မိတ်ဆက်ပေးကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနည်းပြသင်တန်းကို လာမည့် ဩဂုတ်တွင် ဖွင့်လှစ်ရန် လျာထားသော်လည်း အထူးဒေသ() လိုအပ်ချက်အရ ယခုဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အဆိုပါ နည်းပြသင်တန်းသို့ တိုင်းရင်းသား (၁၇)ဦး၊ တိုင်းရင်းသူ (၁၃)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၀)ရက်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် နည်းပြ သင်တန်းတက်ရောက်ပြီးသူများက မြို့နယ်အလိုက် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)