ဝေလငါး ၉၀ ထက်မနည်း တက်စ်မေးနီးယားကျွန်းတွင် သောင်တင်ကာသေဆုံး

ဆစ်ဒနီ ၂၃ စက်တင်ဘာ

ဩစတြေးလျနိုင်ငံတောင်ပိုင်း ကျွန်းတစ်ကျွန်းတွင် ရေကြောင်းလမ်းပြ ဝေလငါး ၉၀ ထက်မနည်း သောင်တင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်ဟု ဒေသတွင်း မီဒီယာများတွင် စက်တင်ဘာ ၂၂ ရက်က ဖော်ပြကြသည်။

တက်စ်မေးနီးယား အနောက်ပိုင်း မက်ကွာရီဆိပ်ကမ်းရေတိမ်ပိုင်းတွင် သောင်တင်လာသည့် ဝေလငါး ၂၇၀ အနက် ၉၀ ထက်မနည်း သေဆုံးသွား ခြင်းဖြစ်သည်ဟု တက်စ်မေးနီးယား ပြည်နယ်အစိုးရက ပြောသည်။

ကျန်ရှိနေသည့် ဝေလငါးများကို ကယ်တင်နိုင်ရန် ပင်လယ်ရေကြောင်း ကျွမ်းကျင်သူများနှင့် အစိုးရအရာရှိများက ကြိုးပမ်းလျက်ရှိသည်။

တက်စ်မေးနီးယားတွင် ဝေလငါးများ သောင်တင်လာခြင်းမှာ ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရက်အတန်ကြာ အချိန်ယူရဦးမည်ဖြစ်ပြီး နောက်ထပ်သေဆုံးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြရသည်။

သုတေသီများက ဝေလငါးများ၏ အပြုအမူများကို နားလည်အောင် လုပ်ဆောင်နေကြပြီး မည်သည့်အကြောင်းရင်းကြောင့် ဝေလငါးများ ရေတိမ်ပိုင်းသို့ ရောက်လာသလဲဆိုသည်ကို လေ့လာနေကြသည်။

ကျိုဒိုနယူးစ်