ဝေါမြို့နယ်၌ (၃၈ ) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆို

ဝေါ ဒီဇင်ဘာ ၂၇

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်  ဓမ္မမေဓိနီ ပရိယတ္တိစာသင်တိုက်နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ယနေ့နံနက် ၉ နာရီက YMBA- ဗုဒ္ဓဘာသာကလျာဏယုဝအသင် (ဗဟို)မှ ကြီးမှူကျင်းပသော (၇၃) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် ပထမအဆင့် အငယ်တန်းစာမေးပွဲကို ဝေါ မြို့နယ် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ (၃၈) ဖြာမင်္ဂလာတာရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို  ဗုဒ္ဓဘာသာ သာသနာတော်အတွက် အစဉ်သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်ရန်နှင့် ဗုဒ္ဓဘာသာ၊ စာပေ၊ ပရိယတ္တိကို နိုင်ငံနှင့် အဝန်း တိုးတက်ပျံနှံထွန်းကားစေရန်အတွက်  ဗုဒ္ဓဘာသာတရားတော်များကို နည်းလမ်းတကျ သင်ကြားလေ့ကျင့်အားထုတ် ဆည်းပူးခြင်းများ ဖြစ်မြောက်တိုးတက်လာစေရေးအတွက် ပဲခူးတိုင်းဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း ဥက္ကဋ္ဌ ဦးလှတင်ဦး နှင့်အဖွဲ့ဝင်များ၊ ဝေါမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဥက္ကဋ္ဌ ဦးထွန်းမြင့် နှင့်အဖွဲ့ဝင်များဦးဆောင်၍ စာမေးပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၂၇၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

 

အောင်မြတ်လင်း (ပြန်/ဆက်)