ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၅,၉၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇွန် ၄

 

ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၅,၉၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၃ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် ကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာအနီး ဗျူဟာလမ်းဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မနန်းမြတ်ထွေး မောင်းနှင်ပြီး ရန်နိုင်ကျော် လိုက်ပါလာသည့် TOYOTA AVANZA အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၄,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် မနန်းမြတ်ထွေး (၄၅) နှစ်နှင့် ရန်နိုင်ကျော် (၃၀) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်