ဝိုင်အနီ ဟာ အစားချေဖျက်မှု အားကောင်းစေတယ်

၂၉ သြဂုတ် 


ဝိုင်အနီဟာ အစာချေဖျက်မှုအတွက် ကောင်းမွန်ကြောင်း သိပံ္ပပညာရှင်တွေရဲ့ တွေ့ရှိချက်ကို မနေ့က ထုတ်ဝေတဲ့ ဆေးပညာဂျာနယ်မှာ ရေးသားထားပါတယ်။ 


“ဝိုင်အနီထဲမှာပါရှိတဲ့ ပေါ်လီဖီးနောဓါတ်က အစာချေအားကို ကောင်းမွန်စေကြာင်း၊ ပေါ်လီဖီးနော ဓါတ်ဟာ ဝိုင်အဖြူ၊ ဘီယာ နဲ့ ဆိုဒါတွေမှာပါရှိတာထက် များပြားတဲ့အတွက် ဝိုင်နီဟာ အစာချေအားကောင်းတာ ဖြစ်တယ်လို့ ကင်းကောလိပ် လန်ဒန် (King's College London) ရဲ့ သုတေသနပညာရှင်တွေက ပြောပါတယ်။ ဝိုင်ဖြူမှာပါရှိတဲ့ ပေါ်လီဖီးနောဓါတ်ဟာ ဝိုင်နီထက် ၆ ဆ သို့မဟုတ် ၇ ဆ လျှော့နည်းကြောင်း ထပ်ဆင့်ရှင်းပြပါတယ်။


ဝိုင်အနီတစ်ခွက်ကို နှစ်ပတ်တစ်ခါသောက်ပေးရင် လုံလောက်ကြောင်း၊ ဘလူးဘယ်ရီ နဲ့ ကြက်သွန်နီ အနီမှာလည်း ပေါ်လီဖီးနောပါရှိတဲ့အတွက် ကျန်းမာရေးနဲ့ ကိုက်ညီကြောင်းနဲ့ ဝိုင်မသောက်ဖူးသူများအနေနဲ့ ဝိုင်စပြီးသောက်ရန်မလိုအပ်ကြောင်း ပညာရှင်တွေက ပြောပါတယ်။


အခု သုတေသနအတွက် ဗြိတိန်၊ အမေရိကန် နဲ့ နယ်သာလန်နိုင်ငံတွေမှာ နေထိုင်တဲ့ ထောင်ချီတဲ့လူတွေက ပါဝင်ခဲ့ကြောင်းနဲ့ ပါဝင်သူများဟာ အလွန်အကျွံသောက်သူများ မဟုတ်ကြောင်း သိရပါတယ်။ 


အစာချေဖျက်နှုန်း အားကောင်းတဲ့ ပေါ်လီဖီးနောဓါတ်ဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အများစုမှာလည်း ပါရှိတာကို တွေ့ရပါတယ်။ 


အရက်ဟာ စိတ်ကျန်းများရေးကနေ ကင်ဆာရောဂါများ၊ အသည်းချောက်ရောဂါနဲ့ နှလုံးရောဂါများလည်း ဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း သတိပေးထားပါတယ်။ 

 

MDN
ကိုးကား AFP