ဝိုင်းမော်၊ မဟာအောင်မြေနှင့် လားရှိုးမြို့နယ်တို့တွင် မူယစ်ဆေးများဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ ၂၆

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအုပ်စု၊ ဝါရှောင်ကျေးရွာရှိ (၁၃)ကီလို ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မြင့်အောင်(ခ)အိုက်ခဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၅၀၀ ကိုလည်ကောင်း၊

 

ဧပြီ ၂၄ ရက် ည ၇ နာရီတွင် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ကားဂိတ်၌ ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ အောင်ကျော်ဇော(ခ) စစ်မင်းချန့်ကို Super Custom အမျိုးအစား မော်တော်ယာဉ်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးဖြစ်သည့် Happy Water ၂ ဒသမ ၀၁၈ ကီလို ကိုလည်းကောင်း၊ ထိုနေ့  ညနေ ၆နာရီ မိနစ် ၄၀ တွင် လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ သာယာလမ်းရှိ လီဟောင် ငှားရမ်းနေထိုင်သည့် တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၈၈ ကီလို၊ အိုက်စ် သုည ဒသမ ၁၁ ကီလို၊ Erimine-5,၉၇၀ ပြားနှင့် မြန်မာငွေကျပ် ၄ သိန်းတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)