ဝါးခယ်မ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ရွှေကြာပင်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ တောင်သူ ဦးကျော်အောင်၊ ဦးဝင်းဗိုလ်နှင့် ဦးကိုကိုအေးတို့၏ စိုက်ပျိုးဧက ရှစ်ဧကတွင် ဆီထွက်သီးနှံ ရုရှားနေကြာ(၃) မျိုးအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှစတင်ကာ လက်စိုက်နှင့် စက်စိုက်စနစ်များဖြင့် စိုက်ပျိုးခဲ့ရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။
နေကြာဖြစ်ထွန်းနေမှုကို သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် တွေ့ဆုံကာ အထွက်နှုန်းကောင်းမွန်စေရေး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)


